ညီသော် အောင်ကြောင်းဖြာ၏တည်း


* ဤသည်ရခိုင်သား……. ဤကားရခိုင်ပြည်
နှုတ်ခွေမွတ်ဟ …….. ဗျာဒိတ်ရသည်
ဗုဒ္ဓညွှန်ပြ ………. တိုင်းဓည…

* ကဗျဉ်းထိုးခြစ် ………… ပြန်ပြောင်းလှစ်သော်
ထုဆစ်လက်ရာ…………ကျောက်ပီစာများ

မြေမှာလဲလျှောင်း………..ခေတ်ရေပြောင်းလည်း
နှစ်ပေါင်းငါးထောင်………ဘိုးစိုင်ဘောင်တို့ 
ထွန်းပြောင်မင်းဆက်…….တစ်ရာ့သုံးဆယ်
စွန်းဝယ်လေးပါ ……….ကျင့်ဆယ်ဖြာနှင့် 
စိုးလာလေးခေတ်…………ဖြတ်သန်းရစ်သည်
မျိုးချစ်နောင်များ…………သိစေသား။ (more…)

အော်တစ်ဇင်ကလေးများ၏ ဘ၀ရပ်တည်ရေးအတွက် ရေရှည်စောင့်ရှောက်မှု လိုအပ်နေ



မသန်စွမ်းသက်ငယ်သင်တန်းကျောင်းတွင် အော်တစ်ဇင်ကလေး ငယ်တစ်ဦးကို ဆရာမတစ်ဦးက သင်ကြားပေးနေစဉ်။
ဓာတ်ပုံ-ဘူးသီး

မြန်မာနိုင်ငံရှိ အော်တစ်ဇင်ကလေးငယ်များအတွက် လက်ခံသင်ကြား ပေးနိုင်သောကျောင်းများ နည်းနေသေးသည်အပြင် အစိုးရက အဆိုပါ ကလေး များအပေါ် ရေရှည်စောင့်ရှောက်မှုများ အတွက် စီမံဆောင်ရွက် ပေးရန် လိုအပ် နေသေးကြောင်း သိရသည်။

“အခုဆို ကျွန်တော့သားက အသက် ၁၃ နှစ်၊ အပြင်မှာတော့ ကျောင်း မထားတော့ဘူး။ အိမ်မှာပဲ ဆရာမနဲ့ သင်တယ်၊ ဒီလိုကလေးတွေက မိဘရဲ့ပြု စုစောင့် ရှောက်မှု အမြဲလိုအပ်နေတာကြောင့် မိဘတိုင်းက ကိုယ့်သားသမီးကို ကိုယ်မရှိ တော့ရင် ဘယ်လို ဆက်ရပ်တည်သွား မလဲဆိုတာ အမြဲပူပန်နေ ရပါတယ်” ဟု မြန်မာနိုင်ငံ အော်တစ်ဇင် အသင်းဝင် အော်တစ်ဇင်ကလေးတစ်ဦး၏ ဖခင်ဖြစ်သူ ဦးနေမျိုးနိုင်က ပြောသည်။ (more…)

အွန်လိုင်းပေါ်တွင် မမျှဝင်သင့်သော ကိုယ်ပိုင်အချက်အလက်များ(၂)


တကယ်တော့ အွန်လိုင်းပေါ်မှာ ပဲ ရင်းနှီးခင်မင်တွေ့ဆုံရသူတွေဟာ ယုံကြည်စိတ်ချရသူတွေလို့ သတ်မှတ် လို့မရပါဘူး။ ဒါကြောင့် အွန်လိုင်း ပေါ်မှာ ရှောင်သင့်တဲ့အချက် ၁ဝ ချက် ကို တင်ပြရာမှာ ပြီးခဲ့တဲ့အပတ်က အချက်ငါးချက်ကို တင်ပြခဲ့ပြီးပါပြီ။ ဒီတစ်ပတ် မှာတော့ ကျန်တဲ့ငါးချက် ကို ဆက်လက်လေ့လာတွေးဆ ဆင်ခြင်လိုက်ရအောင်နော်။

၅။ မိမိလိပ်စာနှင့် ဖုန်းနံပါတ်
အင်တာနက်လူမှုကွန်ရက်များ အသုံးပြုရာ၌ အထူးသတိပြုသင့်သော လုံခြုံရေးဆိုင်ရာ နံပါတ်တစ်အချက် ဖြစ်သည်။ မိမိ၏ လိပ်စာနှင့် ဖုန်း နံပါတ်ကို လူမှုကွန်ရက်တစ်ခုခုပေါ်တွင် လူအများကို ပေးသိထားမိသည်ဆိုပါက မမြင်နိုင်သော အန္တရာယ်ကို လက်ယပ်ခေါ်ထားမိသလိုဖြစ်နိုင်ပါသည်။ ကံတရားဆိုသည်ကလည်း မည်သို့မျှမှန်းဆ ထား၍မရသည့် အရာ ဖြစ်သည့်အလျှောက် အကယ်၍ မိမိကသာ လိပ်စာနှင့်ဖုန်းနံပါတ်များကို အလွယ်တကူပေးထားမိပါလျှင် (more…)

လူငယ်များ၏ ဘ၀နေနည်းပုံစံများ


လူငယ်ဆိုသည်မှာ လူငယ်သာ ဖြစ်သည်ဟုဆိုလျှင် ကျေနပ်ဖွယ် စကားဟု ထင်မှတ်ကြမည် မဟုတ် ပေ။ လူငယ်ဆိုသည်မှာ လူကြီးတို့နှင့် တူညီမည်မဟုတ်သည်က သေချာပါ၏။

ယနေ့ခေတ် ၂၁ ရာစု လူငယ်တို့သည် လူကြီးတို့နှင့် ပို၍ကွာခြားနေသည် ကိုမူ ငြင်း၍ရမည် မထင်ပေ။

အဘယ့်ကြောင့်ဆိုသော် ၂၁ ရာစု ၏ ပတ်ဝန်းကျင်အနေအထားသည် ယခင်ရာစုနှစ်များနှင့် မတူ။ တစ်ဆစ်ချိုး အပြောင်း အလဲများက တန်းစီ၍ ဖြစ်ပေါ်နေသောကြောင့် ဖြစ်ပါ၏။

နည်းပညာရပ်များက တစ်နေ့နှင့် တစ်နေ့ပင်မတူ။ တိုးတက်ရွေ့လျားမှုသည် ခုန်ပျံနေသည့် အလား။ ၄င်းပညာနှင့်အတူ လူတို့၏နေထိုင်မှု ပုံစံ၊ သွားလာမှု၊ ဆက်သွယ်မှု၊ ဝတ်စား ဆင်ယင်မှုမှအစ အပြော အဆို၊ စကားလုံးအသုံးအနှုန်း အဆုံး အရာ အားလုံးသည် လျင်မြန်သောအဟုန်နှင့် ရွေ့လျားနေသည်။ (more…)

အွန်လိုင်းပေါ်တွင် မဝေမျှသင့်သော ကိုယ်ပိုင်အချက်အလက်များ (၁)


၂ဝဝ၅ ခုနှစ်နှောင်းပိုင်းတွင် အင်တာနက်ပေါ်မှ လူမှုကွန်ရက်- Social Networking Websites  များသည် ကမ္ဘာ့လူသားများ အကြား ရေပန်း စားလာခဲ့ကာ ယနေ့ခေတ် ဆိုလျှင် ”ခေတ်မီသူတိုင်း အွန်လိုင်း လူမှုကွန်ရက် များအသုံးပြု ကြသည်” ဟူ ၍ဖြစ်လာ လျက်ရှိသည်။

အင်တာနက်အသုံးပြုသူ ကမ္ဘာ့ လူငယ်အားလုံး၏ ၃၅ ရာခိုင်နှုန်းတွင် လူမှုကွန်ရက်တစ်ခုခုပေါ်တွင် ကိုယ် ပိုင်စာမျက်နှာ- Profile တစ်ခုစီရှိနေ ကြပြီး ၅၁ ရာခိုင်နှုန်းတွင် တစ်ခု ထက်ပိုသော ကိုယ်ပိုင်စာမျက်နှာများ ရှိနေသည်ဟု USA Today  ၏ဖော်ပြချက် အရသိရသည်။

ထို့ပြင် အသက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်းရှိ အင်တာနက်အသုံးပြုသူ လူငယ်များ၏ လေးပုံ သုံးပုံခန့်သည် အွန်လိုင်း Profile တစ်ခု စီ အနည်းဆုံး ရှိနေကြသည် ဟုလည်း USA Today  ၏ စစ်တမ်းထဲ တွင် ပါဝင်သည်။ (more…)

ဧရာဝတီ သတင်း စာမျက်နှာ ဓါတ်ပုံတွင် သြဂုတ်လ (၆) ရက်နေ့က ဖော်ပြခြင်းခံရ သည့်အပေါ် ရခိုင်တော်လှန်ရေးသမား ကို ခိုင်ဆန်းအောင် ၏ ပြန်လည် ရှင်းလင်းချက်


ဧရာဝတီ သတင်း စာမျက်နှာတွင် သြဂုတ်လ (၆) ရက်နေ့က ဖော်ပြပါရှိတဲ့ ဘင်္ဂလာဒေ့ရှ်ရောက် မြန်မာ များ ပြည်တော် ပြန်ခွင့် မရသေး သတင်း ဓါတ်ပုံတွင် ရှေ့ဆုံးက ဖော်ပြခြင်း ခံရခြင်းကို ရခိုင်တော်လှန်ရေးသမား ကို ခိုင်ဆန်းအောင် မှ ပြန်လည် ရှင်းလင်းချက်

မေး။       ။ ကိုခိုင်ဆန်းအောင် အနေဖြင့် ဒီလို ဧရာဝတီ သတင်း စာမျက်နှာမှာ သြဂုတ်လ (၆) ရက်နေ့က ဖော်ပြပါ ရှိတဲ့ ဘင်္ဂလာဒေ့ရှ်ရောက် မြန်မာများ ပြည်တော်ပြန်ခွင့် မရသေး လို့ ဖော်ပြချက်မှာ အစ်ကို့ ဓါတ်ပုံကို ရှေ့ဆုံးက ပါနေတာနဲ့ ပတ်သက်လို့ ဘယ်လိုခံစားရ ပါသလဲ။

ဖြေ။     ။ “ယခုနှစ် နှစ်ဆန်း ၁ ရက်နေ့က သက်ကြီးပူဇော်ပွဲသို့ တက်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင် တိုင်းရင်းသားများ (ဓာတ်ပုံ – ငြိမ်းချမ်း/ ဧရာဝတီ)” ဆိုပြီး ဓါတ်ပုံအောက်မှာ အသေအချာဖော်ပြပါရှိပါတယ်။ ဒါက သတင်းထောက်ဆိုသူက သက်ကြီး ရွယ်အိုပူဇော်ပွဲက ပုံကိုယူပြီး ဒီမှာလာ အသုံးပြုထားတာဖြစ်မှာပါ။ ပြည်တော် ပြန်ဖို့လျှောက် ထားသူ တစ်ဦးဦးရဲ့ ပုံကိုသုံးစွဲခြင်းက ပိုပြီးအကျုံးဝင်လိမ်ံမယ်လို့ယူဆပါတယ်။ ခုဟာက သတင်း ဖတ်သူတွေကို ထင်ယောင် ထင်မှားဖြစ်စေ ပါတယ်။ သတင်းထောက်ဆိုသူတွေရဲ့ အလေးထားရမယ့် ကိစ္စရပ် တခုပါ။ ကျွန်တော်ကတော့ ပြည်တော်ပြန်ဖို့လျှောက်ထားခြင်း တို့ ဘာတို့ မရှိဘူးခင်ဗျ။ သိရသလောက်က တော့ ဘင်္ဂလားဒေ့ရှ်ဘက်က စုစုပေါင်း ၆ ယောက် ခန့် လျှောက်ထားတာ ရှိတယ်လို့ကြားပါတယ်။ ကျွန်တော်တို့တွေ ရာနဲ့ချီရှိနေကြတာကို လူ ၆ ယောက်ရဲ့ဆန္ဒ နဲ့ နှိုင်းပြီး၊ သိမ်းကြုံးလို့ ဘင်္ဂလာဒေ့ရှ်ရောက် မြန်မာများ ဆိုပြီး သုံးနှုန်းထားတာကလဲ ကလေ ကချေဖြစ်လွန်းလှပါတယ်။ သတင်းသမားရဲ့ဝတ္တရားကို အလွဲသုံးစား လုပ်တဲ့ပုံစံမျိုး ဖြစ်တယ်လို့လည်း ယူဆ ပါတယ်။ (more…)

သက်ဆင်၊ အင်ဝါ နှင့် ဟော်တာ


လူတစ်ယောက်က လုပ်ကြံသတ်ဖြတ်ခြင်းမှ အသက်ရှင်ရုံလောက ရှင်သန်လာခဲ့တယ်။ နောက်တစ်ယောက်က ပြင်းပြတဲ့ ရိုက်နှက် ချက်တွေနဲ့ မဟုတ် မမှန် တရားစွဲဆိုခံရပြီး ထောင် ၆ နှစ်ချခံခဲ့ရတယ်။ တတိယ တစ်ယောက်ကတော့ စစ်တပ်မှအာဏာကို သိမ်းယူပြီး ရာထူးကနေ ဖြုတ်ချခံ လိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ သူကို အတိုက်အခံတွေက ဒီမိုကရေစီ နည်းလမ်းတကျ မတိုက်ခိုက်နိုင်ခဲ့ တဲ့အတွက်ပါ။

အဲဒီသုံးယောက်က အရှေ့တိန်မောနိုင်ငံရဲ့ သမ္မတဟောင်း Jose Ramos-Horta ၊ မလေးရှား အတိုက်အခံ ခေါင်းဆောင် Anwar Ibrahim နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra တို့ဖြစ်ပါတယ်။ (more…)

အာဂျင်တီးနားတွင် အသစ်ထုတ် ပီဆို ၁၀၀ တန်၌ သမ္မတကတော်ဟောင်း အီဗီတာ၏ မျက်နှာပုံထည့်သွင်း၊ အနှစ် ၂၀၀ အတွင်း ငွေစက္ကူ၌ အမျိုးသမီးပုံကို ပထမဆုံးအကြိမ် ထည့်သွင်းခြင်းဖြစ်


အာဂျင်တီးနားသမ္မတ ခရစ္စတီးနားဖာနန်ဒက်ဇ်ဒီကာ့ခ်ျနာက ပီဆို ၁၀၀ တန်ကို ပြသနေစဉ် Photo:AFP

အာဂျင်တီးနားတွင် နိုင်ငံသုံး ငွေကြေးပီဆို ၁၀၀ တန်ထုတ်ဝေရာ၌ အာဂျင်တီးနား၏ လူသိများထင်ရှားသော သမ္မတကတော်ဟောင်းဖြစ်သည့် အီဗီတာ မျက်နှာပုံကို ထည့်သွင်းခဲ့ကြောင်း သိရသည်။

အမည်ပြောင် အီဗီတာဟု လူသိများသော အီဗာပီရွန်မှာ လာမည့်သီတင်းပတ်များအတွင်း ထုတ်ဝေမည့် ပီဆို ၁၀၀ တန်များတွင် ပါဝင်လာတော့ မည်ဖြစ်ကြောင်း အာဂျင်တီးနားသမ္မတ ခရစ္စတီးနားဖာနန်ဒက်ဇ် ဒီကာ့ခ်ျနာက ဇူလိုင်လ ၂၅ ရက်တွင် ကြေညာခဲ့သည်။

ယင်းသို့ ထည့်သွင်းရခြင်းမှာ အီဗာသည် ပြီးပြည့်စုံသူ သို့မဟုတ် သူတော်ကောင်းတစ်ဦးဖြစ်နေ၍ မဟုတ်ကြောင်း၊ သူ့ကို ကြီးမြတ်စေသော၊ မေ့ဖျောက် ရန် မစွမ်းနိုင်သော အရာမှာ အီဗာသည် ပြည်သူများအတွက် နှိမ့်ချမှုရှိပြီး ထောင်လွှားမှု မရှိသူတစ်ဦးဖြစ်၍ဖြစ်ကြောင်း ဖာနန်ဒက်ဇ်က ငွေစက္ကူသစ် ထုတ်ပြန်စဉ် ပြောကြားခဲ့သည်။ (more…)

မသန်စွမ်းသူများ မျက်လုံးဖြင့် စာရိုက်နိုင်ပြီ


မသန်စွမ်းသူများမျက်လုံးဖြင့် စာရိုက်နိုင်၊ ပုံဆွဲနိုင်မည့် ကိရိယာတစ်မျိုးကို ပြင်သစ်သုတေသန ပညာရှင်တစ်ဦးက ဖန်တီးခဲ့သည်။

ခေါင်းတွင်တပ်ရသော ကင်မရာက မျက်လုံးလှုပ်ရှားမှုကို ဖတ်ကာ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် စာထင်လာစေခြင်း၊ ပုံဆွဲနိုင်ခြင်းတို့ ကို ပြုနိုင်ပြီဟု သိရသည်။ ရောဂါကြောင့်ဖြစ်စေ၊ မတော်တဆမှုကြောင့်ဖြစ်စေ ကိုယ်လက်လှုပ်ရှားမှုမပြုနိုင်တော့ သူများအတွက် စီအင်န်အာအက်စ် အင်စတီကျုမှ ယန်းလောရင်းဆူကဖန်တီးခဲ့ခြင်းဖြစ်သည်။ ယင်းစနစ်ကိုသုံးတတ်စေရန် နာရီဝက်မျ လေ့ကျင့်သင်ကြားပေးမှုသာလိုအပ်သည်ဟု ဆိုသည်။  (more…)

်ရေရှည်တွင် မတင့်တော်၍ စစ်တွေ၌ အရပ်ဘက် လုံခြုံရေးများကို ပြန်လည်ရုတ်သိမ်း


ပင်လယ်ကွေ့တွင် မောင်းသူမဲ့ရေငုပ်သင်္ဘော အမေရိကန်ချထား



ဟော်မုဇ်ရေလက်ကြားတွင် လှုပ်ရှားနေသည့် အီရန်တော်လှန်ရေး အစောင့်တပ်မှ အမြန်ရေယာဉ်တစ်စင်း။
ဓာတ်ပုံ – အေအက်ဖ်ပီ

ဝါရှင်တန် – ဟော်မုဇ်ရေလက်ကြား၌ အီရန်နိုင်ငံ၏ ရေမြှုပ်မိုင်းများ ချထား၍ ပိတ်ဆို့ခြင်းမှ ကာကွယ်ရန်အတွက် အမေရိကန်သည် မောင်းသူမဲ့ ရေငုပ် သင်္ဘောငယ်များကို ပင်လယ်ကွေ့ အတွင်းချထားပြီးဖြစ်ကြောင်း အရာရှိများက ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြောသည်။

ပါရှားပင်လယ်ကွေ့နှင့် အာရေဗျ ပင်လယ်အတွင်း ဆီးဖောက်စ်ဟု အမည်ရသည့် မောင်းသူမဲ့ မိုင်းရှင်း ရေငုပ်သင်္ဘောကို ချထားပြီး ဖြစ်သည်ဟု ရေ တပ်အရာရှိတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောသည်။ (more…)

ငြိမ်းချမ်းစွာ နေလိုကြလျှင် (၁)


ကျွန်တော် ဤဆောင်းပါးကို ရေးချင်ခဲ့သည်မှာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မရေး ဖြစ်ခဲ့ပေ။ ယခုအချိန်တွင် မရေး၍ မဖြစ်တော့သော အကြောင်းများက ဖန်တီးလာခဲ့သည်။

အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ယခုလက်ရှို ဖြစ်ပေါ်နေသောအရေးကိစ္စ၊ ပြဿနာများနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာဖြင့်နေ လိုကြလျှင် ဘင်္ဂလီမူ ဆလင်များအနေဖြင့် သူတို့၏ စိတ်ဓါတ်နှင့် ပြုမူနေထိုင်ပုံ များစွာကို ပြောင်းလဲပစ်ဖို့ လိုပေ လိမ့်မည်။ ထိုအချက်များကို မပြုပြင်၊ မပြောင်းလဲသမျှ ကာလပတ်လုံး ရခိုင်တွင်သာမက မည်သည့်နေရာ၊ မည်သည့်ဒေသ၊ မည် သည့်မြေပေါ်တွင်မျှ နေထိုင်၍ အဆင်ပြေမည်မဟုတ်ပေ။ အဓိက အားဖြင့် ရခိုင်ပြည်တွင် နေထိုင်ကြသော ဒေသခံ ရခိုင်လူမျိုးများနှင့် ပြည်ပမှဝင်ရောက်လာသော ဘင်္ဂလီကုလားများအကြားတွင် အခြေခံ လူ့ အဖွဲ့အစည်း တည်ဆောက်ပုံနှင့် လူနေမှုစရိုက်ချင်း ကွာခြားသည့် အချက်ပေါင်းများစွာ ရှိနေသည်။ (more…)

သတိတရား


သတိတရားဟူသည် သတိဟူသော ပါဠိဝေါဟာရနှင့် တရားဟူသော ပါဠိဝေါဟာရတို့ကို ပေါင်းစည်း၍ မြန်မာမှုပြုထားခြင်းဖြစ်သည်။ သတိဟူ သည် ‘အောက်မေ့ခြင်း အမှတ်ရခြင်း၊ တစ်စုံတစ်ခုသော အာရုံကို အစဉ်မပြတ် သိနေခြင်း’ ဟူ၍ဖြစ် သည်။ တရားဟူသည် ‘မှန်ကန်မျှ တခြင်း၊ အကျိုးသင့်အကြောင်းသင့်ဖြစ်ခြင်းဟူ၍ ဖြစ်သည်။ ထို့ကြောင့် သတိတရားဟူသည် အတွေ့အကြုံများကို သင်ခန်းစာယူ၍ အသိဉာဏ် ဆင်ခြင်ဉာဏ်ပြည့်စုံခြင်းဟူသော အနှစ်သာရပင်ဖြစ်သည်။
(more…)

ဘန်ကောက်သွားမည့်သူများကို ရန်ကုန်လေဆိပ်တွင် ဖုန်းကတ် အလကားပေး – Free SIM Card for Burmese travellers to Bangkok


ရန်ကုန်လေဆိပ် နှင့် ဘန်ကောက်မြို့ မြန်မာသံရုံးတွင် အခမဲ့ ဝေငှနေသည့် ဖုန်းကတ်များ (ဓာတ်ပုံ – မိုးမခ)

ရန်ကုန်လေဆိပ်တွင် ဘန်ကောက်သို့ သွားမည့်ခရီးသည်များကို ထိုင်းနိုင်ငံတွင် အသုံးပြုသည့် ဆင်မ်ကတ် (SIM Card) များ အခမဲ့ ပေးဝေလျက် ရှိသည်။

ထို ဆင်မ်ကတ်ကို True Move ကုမ္မဏီက ဖြန့်ဝေနေခြင်းဖြစ်သည်။

အသုံးပြုလိုပါက ထိုင်းနိုင်ငံအနှံ့တွင်ရှိသော Seven Eleven စတိုင်းဆိုင်များ၊ တယ်လီဖုန်းအရောင်ဆိုင်များသို့ သွားရောက်ပြီး ငွေဖြည့်အသုံးပြုနိုင် သည်ဟု ကြော်ငြာထားသည်ကို တွေ့ရသည်။ အနည်းဆုံး ဘတ် ၃ဝဝ ဖိုး ထည့်သွင်းရမည်ဟု ဆိုသည်။ ထိုပမာဏသည် အမေရိကန်ဒေါ်လာ ၁ဝ ဒေါ်လာနှင့် ညီမျှသည်။ (more…)

G-talk နဲ့ Mobile ဖုန်းခေါ်မယ် …….


နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ…

အသုံးပြုနည်းကတော့ …. (more…)

ရင်နဲ့ သွေးတဲ့ ၀ါးချွန်များ


ရင်နဲ့ သွေးတဲ့ ၀ါးချွန်များ
အနောက်ရိုးမ
နိုးထနေပြီ
မုန်တိုင်းအ၀င်ရိုင်းသကိုး။
နဒီကစ္စပ
မြစ်မတေးသံ၊ တွန်းလှန်တေးကို
ကြွေးကြော်သံပြိုင် ကျူးရင့်ပြီ။
ကိုလိုနီနယ်ချဲ့ 
ကျူးကျော်ခဲ့သလို
ဖက်ဆစ်ရဲ့ ခွေး၊ ရိုဟင်ဂျာရေးကို
သွေးနဲ့ တိုက်ပွဲဝင်ကြချိန်။
ရခိုင်သူမ
နှမလက်က
မြိရှစူးထက်၊ လက်နက်ဝါးချွန်
ကျွန်သဘောက်ရင်ဝ၊ ထိုးမွှချေမှုန်း
အဆုံးစီရင်လိုက်ပါလေ။
ရခိုင်ပြည်သူ
မြန်ပြည်သူပဲ
ဘယ်သူခွဲခွဲ၊ တသားတည်းလေ။
ရခိုင်တန်ဆောင်
ညအမှောင်ကို
နောင်လာမျိုးဆက်၊ သွေးနဲ့ ဆက်၍
ယက်လုပ်ထွန်းညှိခဲ့ပေတော့။     ။
မောင်လွမ်းဏီ

၁၁ – ၆ – ၂၀၁၂

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခကြောင့် ရခိုင် ဒုက္ခသည်များ စာရင်း RNDP မှ ထုတ်ပြန်


ကျေးရွာတွေကနေ စွန့် ခွာလာတဲ့ ရခိုင် တိုင်းရင်းသားများ (ဓါတ်ပုံ)


စစ်တွေမြို့ မင်းဂံ အကွက်(၁) နောက်ဘက်ရှိ ဘင်္ဂလီရွာများမီးလောင်နေ (ကိုယ်တိုင်မီးရှို့ ခြင်းဟု သတင်းရ)၊ မင်းဂံမှ မိန်းမ ၊ ကလေးနှင့် လူအိုများ အား ဘေးကင်းရာသို့ရွှေပြောင်းနေ….. လုံခြုံရေးအဖွဲ့ဝင်များ ချပေးထားသော်လည်း အင်အားနည်းပါးသည်ကို မြင်တွေ့ခဲ့ရပါသည် (ကိုယ်တိုင် သွားရောက် သတင်းယူဆောင်ထားသဖြင့် သတင်းမှာ မှန်ကုန်မှုရှိပါသည်)

မင်းဂံမှာ ရွာသူ၊ ရွာသားများ နေအိမ်များအား စွန့် ခွာနေပုံတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

အသုဘချပြီး ပြန်လာသော ယာဉ်တန်းများကို ဘင်္ဂလီ ကုလားရွာများမှ အကြမ်းဖက် တိုက်ခိုက်


(၈-၆-၂၀၁၂) ညနေ (၃)နာရီခန့်အချိန် စစ်တွေမြို့မှ မှန်စီသုသာန်သို့ အသုဘချပြီး ပြန်လာသော ယာဉ်တန်းများကို ကားလမ်းဘေးရှိ ဘင်္ဂလီ ကုလားရွာများမှ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒါဏ်ရာရသူများ ရှိကြောင်းသိရှိရသည်။

(ထွက်ပြေးလာသော မိသားစုဓာတ်ပုံ)

ထိုအချိန်တွင် ကားပေါ်မှ အော်ဟစ်ဆူညံသံများကြားသောအခါ မင်းဂံကျေးရွာရှိ ရခိုင်အမျိုးသားများမှ ရွာပြင်ဖက်သို့ထွက်ကြည့်ရာတွင် ဘုမေကျေးရွာအုပ်စု ၀ါယာလိတ်ရွာနှင့် လက်သမားရွာရှိ အိစ္စလာမ်ဘာသာဝင် ကုလားများဝတ်ပြုရာ ဗလီအတွင်းမှာ လူနှစ်ရာခန့် ထွက်လာပြီး မင်းဂံ ရွာ အနီး ရထားလမ်းဘေးတွင် နေထိုင်သူ ဖော်ပြပါ ဓာတ်ပုံပါ ခြောက်ဦးအား လေးဂွ တုတ်ပုလင်းများ၊ ခဲများဖြင့် တိုက်ခိုက်မှုကြောင့် ဒါဏ်ရာ ရရှိပြီး နှစ်ဦးမှာ စစ်တွေဆေးရုံ၌ တက်ရောက်ကုသခံနေကြရကြောင်း သိရှိရပါသည်။

၎င်းနေ့ညနေ လေးနာရီခွဲအချိန်တွင် မှန်စီကျေးရွာ(ရခိုင်ရွာ)တွင် အိမ်ခြေ ၂၂ လုံးသာရှိပြီး ရခိုင် မိသားစုဝင်များ လုံခြုံမှုမရှီသောကြောင့် ကျေးရွာ တွင်မအိပ်ရဲဘဲ စစ်တွေမြို့အနီးရှိ မင်းဂံနှင့် ရွာသာယာကျေးရွာ များသို့ သွားရောက်ခိုလှုံနေထိုင်ကြရသည်။

အိန္ဒိယက ‘ကန်’ ဒေါ်လာသန်း ၅၀၀ ထုတ်ချေးမည်


manmohan-singh-thein-sein-meet

အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်ဒေါက် တာမန်မိုဟန်ဆင်းနှင့် ဇနီးတို့ မြန်မာ ပြည်သို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်ခဲ့စဉ် ကာလ အတွင်းနှစ်နိုင်ငံအကြား ကုန်စည်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ အမြန်ဆုံးစတင်နိုင်ရန်အတွက် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ချေးငွေ ထုတ်ချေးရန် နားလည်မှု စာချွှန်လွှာကို မေလ ၂၈ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။ (more…)